အင်အားပြင်းသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတွင် ဘေးသင့်သူဦးရေမှာ၂၃သန်းကျော် ရှိလိမ့်မည်ဟု WHOဆို

(GMT+08:00)2023-02-08 11:47:16  

ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်လှုတ်ခတ်မှုကြောင့် တူရကီနှင့် ဆီးရီးယားတွင် ဘေးသင့် သူဦးရေမှာ၂၃သန်းကျော်ရှိလိမ့်မည်ဖြစ်ကြောင်း၊ ယင်းအနက် ဆင်းရဲသူ ၅သန်းခန့် ပါဝင်ကြောင်း WHO က ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငလျင်ကြောင့် တူရကီနိုင်ငံအရှေ့တောင်ပိုင်းနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အခြေခံအဆောက်အအုံများ၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း၊ WHOသည် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး တူရကီနှင့် ဆီးရီးယားတို့အား အရေးပေါ် အကူအညီနှင့် အလယ်အလတ်၊ ရေရှည်အကူအညီများကို ထောက်ပံ့ပေး ပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအလွန် ကာလ ပြန်လည်တည် ဆောက်ရေး လုပ်ငန်းများကို ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း WHOက ပြောကြားခဲ့ပါသည်။