ကန်၏ပိတ်ဆို့အရေးယူမှုသည် ဆီးရီးယားတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အနှောင့်အယှက်ပေးသည်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-02-08 16:38:46  

ဖေဖော်ဝါရီလ ၇ရက်နေ့က ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံမှ ကမ္ဘာ့ပြည်သူလူထု အမြင် သဘောထားကို အထင်လွှဲစေရန် ကြံစည်ခြင်းနှင့် ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုသည် ဆီးရီးယားနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများကို အနှောင့်အယှက်ပေးမည် မဟုတ်ကြောင်း ပြောကြားခြင်းကို ပြစ်တင်ရှုတ်ချခဲ့ပါသည်။ စင်စစ်အားဖြင့် ငလျင်ဘေးနှင့် ရင်ဆိုင်ရာတွင် လိုအပ်သော စက်ကိရိယာများနှင့်ထောက်ပံ့ရေးပစ္စည်းများမရှိသောကြောင့် ဆီးရီးယားပြည်သူများ သည် ပျက်ယွင်းသော နေရာများတွင် လက်ဗလာဖြင့်သာ ရှာဖွေကယ်ဆယ်ရေးကို ဆောင်ရွက်ရသည်။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆီးရီးယား ကယ်ဆယ်ရေးအဖွဲ့များသည် သက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများမရှိသဖြင့် နစ်မြုပ်နေသူများကို ကယ်ဆယ်ရန် အချိန်၂ဆ ယူရကြောင်း ပြောကြားခဲ့ပါသည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်အရာရှိများသည်လိမ်လည် ပြောဆိုနိုင်သော်လည်း ဆီးရီးယားနိုင်ငံ ငလျင်ဘေးသင့်ဒေသများ၏ ဓာတ်ပုံများမှာ တော့ တကယ်ရှိကြောင်း၊ အရေးယူမှု ရင်ဆိုင်နေရသော်လည်း ဆီးရီးယားပြည်သူ များသည် အင်အားအပြည့်အဝနှင့် ခိုင်မာသော ဇွဲသတ္တိဖြင့် ငလျင်ဘေးနှင့် ရင်ဆိုင် နေကြကြောင်း ပြောကြားခဲ့ပါသည်။