ဆီးရီးယားငလျင်တွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား အဆောက်အအုံး အပျက်အစီး အောက်မှ ကယ်ဆယ်နိုင်ခဲ့

(GMT+08:00)2023-02-08 11:28:14  

   ယခုလ ၆ ရက်နေ့က တူရကီ တောင်ပိုင်းရှိ ဆီးရီးယား နယ်စပ်နှင့် နီးကပ်သော ဒေသ၌ ဖြစ်ပွားခဲ့သည့် အားပြင်းသော ငလျင်လှုပ်ခတ်မှုကြောင့် ဆီးရီးယား ပြည်နယ် များစွာ၌ လူ ၈၁၂ ဦး သေဆုံးပြီး ၁၄၄၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေး ဝန်ကြီးဌာနက ၇ ရက်နေ့တွင် သတင်းဖေါ်ပြပါသည်။

   ဒေသခံ မီဒီယာမှ ၇ ရက်နေ့က သတင်းအရ ကယ်ဆယ်ရေး ဝန်ထမ်းများသည် ငလျင်ဘေးဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် Aleppo ပြည်နယ်ရှိ အဆောက်အအုံး အပျက်အစီးအောက်တွင်  မိခင်နှင့် ချက်ကြိုး ချိတ်ဆက်နေသေးသည့် မွေးကင်းစ ကလေး ငယ် တစ်ဦးကို ရှာဖွေတွေ့ရှိပြီး  အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။ ယင်းမွေးကင်းစ ကလေးသည် မိသားစုတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ခဲ့သူ ဖြစ်ပြီး ၄င်း၏ မိဘနှင့် ညီအစ်ကိုမောင်နှမ ၄ ဦးစလုံး သေဆုံးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။