ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ပထမဂိတ် ဖွင့်သည့်နေ့တွင် ခရီးသည်နှင့်ကားများ တိုးလာ

(GMT+08:00)2023-02-08 14:24:54  

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့က တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်၊ မာကာအိုအကြား ဝန်ထမ်း သွားလာမှုသည် ပုံမုန်ပြန်ဖြစ်လာသည့် ပထမနေ့ဖြစ်သည်။ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ကျူးဟိုင်လမ်းမ ဂိတ်မှ တစ်ဆင့် သွားလာသောခရီးသည်နှင့် မော်တော်ယဉ်များ သိသာစွာ တိုးလာသည်။ ၆ရက်နေ့ ညနေပိုင်း၂နာရီအထိ ယင်းဂိတ်မှတစ်ဆင့် သွားလာသော ခရီးသည်ဦးရေ သည် ၉၂၀၀ ခန့်ဖြစ်ပြီး မော်တော်ယဉ် စီးရေ ၃၂၀၀ခန့်ဖြစ်ကာ ၅ရက်နေ့နှင့် ယှဉ်ကြည့်လျှင် ၆၅ ရာခိုင်နှုန်းနှင့် ၄၅ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့သည်။