ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနိုင်ငံ၌ ထောင်ပေါင်းများစွာ သက်တမ်းရှိ ရှေးဟောင်း ရဲတိုက်ကြီး ပျက်စီး

(GMT+08:00)2023-02-08 14:23:42  

ဖေဖေါ်ဝါရီလ ၆ရက်နေ့က တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Gaziantepပြည်နယ်၌ နှစ်ပေါင်း ၂၀၀၀နီးပါး သက်တမ်းရှိ ရှေးဟောင်းရဲတိုက်ကြီးတစ်လုံးသည် ငလျင်လှုတ်ခတ်မှု ကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ပါသည်။

Gaziantepရဲတိုက်ကြီးသည် တူရကီရဲတိုက်ဗိသုကာလက်ရာများ၏ စံနမူနာများထဲမှ တစ်ခုဖြစ်ပြီး လူသိများသော သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာနှင့် ရေပန်း စားသော ခရီးသွားနေရာတစ်ခုလည်း ဖြစ်ပါသည်။ Gaziantep ရဲတိုက်ကြီးအနားတွင် ၁၇ရာစုနှစ်က တည်ဆောက်ခဲ့သော ရှေးဟောင်းဗလီကျောင်း တစ်ကျောင်းလည်း ငလျင်လှုတ်ခတ်မှုတွင် ပျက်စီးခဲ့ကြောင်း CNNမှ သတင်းအရ သိရပါသည်။