ပြည်ပသို့ ခရီးသွားခြင်းလုပ်ငန်း ပြန်လည်စတင်ရန် စမ်းသပ်ပြုလုပ်

(GMT+08:00)2023-02-07 16:17:50  

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ အကြောင်းကြားချက်အရ ဖေဖော်ဝါရီလ ၆ရက်နေ့မှစ၍ တရုတ်ပြည်တစ်ပြည်လုံးရှိ ခရီးသွားလာရေးအေဂျင်စီများနှင့် အွန်လိုင်းခရီးသွားလာရေးလုပ်ငန်းများမှ တရုတ် နိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများသို့ အဖွဲ့လိုက် ခရီးသွားလာရေးလုပ်ငန်းနှင့် လေယာဉ်လက်မှတ်+ဟိုတယ်လုပ်ငန်းများကို ပြန်လည်စတင်ရန် စမ်းသပ်ပြုလုပ် ပါသည်။ ၄င်းစမ်းသပ်ပြုလုပ်ရန်  နိုင်ငံများ၏စာရင်းထဲတွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် စုစုပေါင်း နိုင်ငံ ၂၀ ပါဝင်ပါသည်။ ဖေဖော်ဝါရီလ ၆ရက်နေ့တွင် တရုတ်ပြည်တစ်ပြည်လုံးရှိ ပြည်ပသို့ ခရီးသွားခြင်း အဖွဲ့များသည် တရုတ်ပြည်အနယ်နယ်အရပ်ရပ်မှ စတင်ထွက်ခွာခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ဘေကျင်း T3 terminal အဆောက်အအုံ၌ စင်ကာပူနိုင်ငံသို့ ခရီးသွားခြင်းအဖွဲ့မှ ခရီးသည်များသည် ခရီးထွက်ခွာရန် စောင့် နေကြပါသည်။ ၄င်းမှာ ပြည်ဝင်ပြည်ထွက်မူဝါဒကို ပြုပြင်ကောင်း မွန်ပြီးသည့် နောက် ဘေကျင်းမြို့မှ ထွက်ခွာသော ပထမဆုံး ခရီးသွားခြင်း အဖွဲ့ ဖြစ်ပါသည်။ စင်ကာပူ နိုင်ငံသို့ ခရီးသွားခြင်းအဖွဲ့အပြင် ဖေဖော်ဝါရီလ ၆ရက်နေ့က CTS ခရီးသွားလာရေး အေဂျင်စီသည်လည်း တရုတ်ပြည်အနယ်နယ်အရပ်ရပ်မှ ထိုင်း၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများသို့ ခရီးသွားခြင်းအဖွဲ့ များစွာကိုလည်း စည်းရုံးခဲ့ပါသည်။

ဘေကျင်းမြို့အပြင် နိုင်ငံခြားသို့ သွားရောက်လည်ပတ်ရန် ခရီးသည် ဦးရေ ၅၀ခန့်တို့သည် ဖေဖော်ဝါရီလ ၆ရက်နေ့ မိုးလင်းချိန်တွင် လေယာဉ်ဖြင့် အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်း၊ အဘူဒါဘီ စသည့်ဒေသများသို့ သွားရောက်လည်ပတ်ရန် ဖေဖော်ဝါရီလ ၅ရက်နေ့ ည၉နာရီတွင် ကွမ်ကျိုး Baiyun အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စုစည်းခဲ့ကြကြောင်း သိရှိရပါသည်။