တူရကီ ငလျင်ဒဏ်သင့်ဒေသရှိ နေအိမ်အများအပြား ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲနေ

(GMT+08:00)2023-02-07 16:24:19  

    တူရကီနိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူ ၂၃၇၉ ဦး သေဆုံးပြီး ၁၄၄၈၃ ဦး ဒဏ်ရာရခဲ့သည်ဟု တူရကီ ဒုသမ္မတ Fuad Oktay က ၆ ရက်နေ့က ပြောကြားခဲ့ ပါသည်။ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း ပြုလုပ်နေဆဲဖြစ်ပါသည်။ China Media Groupမှ သတင်းထောက်များသည် ဘေးသင့်ရာဒေသများထဲမှ တစ်ခုဖြစ်သည့် အဒါနာပြည်နယ် သို့ ရောက်ရှိပြီး ဒေသခံ အိမ်အများအပြား ပျိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အလွန်ခက်ခဲနေသည်ကို တွေ့ရှိခဲ့ရပါသည်။