BRICS ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာအားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-02-07 16:19:45  

ဖေဖော်ဝါရီလ ၆ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် BRICS ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သော မေးမြန်းချက်များကို ဖြေကြားရာတွင် BRICS ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာအားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ရှိပြီး နိုင်ငံတကာရေးရာများတွင် အရေးပါသော အင်အားစုတစ်ခု ဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်တွင် BRICS ၏ အလှည့်ကျ သာဘာပတိနိုင်ငံအဖြစ် ၁၄ကြိမ်မြောက် BRICS နိုင်ငံ ခေါင်းဆောင်များအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စနစ်ကျသော အောင်မြင်မှု ရလဒ်များကို ရရှိခဲ့ကြောင်း၊ ထိုနှစ်တွင် နယ်ပယ် ၃၀ ကျော် ပါဝင်သည့် သက်ဆိုင်ရာ အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို ကျင်းပခဲ့ပြီး  BRICS ပူးပေါင်းဆောင်ရွက်မှုအတွက် နက်ရှိုင်းသော တရုတ်အမှတ်အသားကို ချန်ထားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။