ရှီကျင့်ဖိန်သည် တူရကီနှင့် ဆီးရီးယား ငလျင်ဘေးကြီးနှင့်ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်နှင့် ဆီးရီးယားသမ္မတ ဘာရှားတို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-02-07 16:21:44  

  ဖေဖော်ဝါရီလ ၆ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တူရကီနှင့် ဆီးရီးယားနိုင်ငံ၌ ပြင်းထန်သော ငလျင်ဘေးကြီး ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်နှင့် ဆီးရီးယားသမ္မတ ဘာရှားတို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

        ရှီကျင့်ဖိန်က အဆွေတော်တို့နိုင်ငံ၌ ပြင်းထန်သော ငလျင်ဘေးကြီး ဖြစ်ပွားပြီး သေဆုံးဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှု များစွာ ကြုံတွေ့ခြင်းကို ကြားရ သဖြင့် မိမိသည် တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား သေဆုံးသူများ အပေါ် ဝမ်းနည်းကြေကွဲကြောင်း၊ ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရသူများအား နှစ်သိမ့်ကြောင်း ဖေါ်ပြပါကြောင်း၊ သမ္မတ၏ ဦးဆောင်မှုဖြင့် အဆွေတော်နိုင်ငံအစိုးရနှင့် ပြည်သူများသည် သဘာဝဘေးဒဏ်ကို အမြန်ဆုံး ကျော်လွှားပြီး ရပ်ရွာ ပြန်လည် တည်ဆောက် နိုင်မည် ဟု ယုံကြည်ကြောင်း ဖေါ်ပြခဲ့သည်။