တရုတ်နိုင်ငံမှ ပထမဆုံးသော အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့သည် တူရကီသို့ သွားရောက်မည်

(GMT+08:00)2023-02-07 16:20:45  

 တရုတ်နိုင်ငံမှ ပထမဆုံးသော အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည့် Ram Union Rescu အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းမှာ ပထမဆုံး တစ်သုတ်အဖြစ် နိုင်ငံတကာ မြို့ပြ ကယ်ဆယ်ရေးအဖွဲ့ကို ဟန်ကျူးစခန်းကနေ တူရကီနိုင်ငံ ငလျင်ဘေးဒဏ်သင့်ဒေသသို့ စေလွှတ်မည်ဖြစ်ပြီး တူရကီ ဒေသစံတော်ချိန် ၈ ရက်နေ့တွင် ယင်းဒေသသို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းထားကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ တွင် နိုင်ငံတကာ ကယ်ဆယ်ရေးအတွေ့အကြုံ ကြွယ်ဝသည့် ကျွမ်းကျင်သူ ၈ ဦးပါဝင်ပြီး ခေတ်မီသော ရေဒါရှာဖွေရေး ကရိယာများ၊ ဖြိုဖျက်ရေးနှင့် ကယ်ဆယ်ရေး စက်ပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေး ခွေးတစ်ကောင်လည်း လိုက်ပါသွားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

        ထို့အပြင် တူရကီနိုင်ငံရှိ တရုတ်လူမျိုးများကလည်း ကယ်ဆယ်ရေးလုပ်ငန်းကို  စီစဉ် ဆောင်ရွက်ပြီး ယခုအချိန်အထိ စုစည်းရရှိလာသော ရွက်ဖျင်တဲများ၊ အိပ်ဖို့အတွက် အိတ်များနှင့် စောင်များ စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဒေသစံတော်ချိန် ၇ ရက်နေ့တွင် သက်ဆိုင်ရာ တူရကီ အစိုးရဌာနသို့ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။