ဟောင်ကောင် “ပြန်လာပြီ”၊ ကမ္ဘာကြီးအတွက် မျှော်လင့်ချက်သစ် ဆောင်ကြဉ်းပေး

(GMT+08:00)2023-02-07 16:12:14  

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကစပြီး တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် အကြား ဝင်ထွက်မှု ဂိတ်တွေ ဘက်စုံ ဖွင့်လှစ်ခဲ့ပြီ။ ဝင်ထွက်မှု လူဦးရေးဆိုင်ရာ ကန့်သတ်မှုတွေ ဖျက်သိမ်းတဲ့ အပြင် ကြိုတင်ချိန်းထားဖို့လည်း မလိုတော့ဘူး။ Bloomber သတင်းဌာနက အဲဒါဟာ ဟောင်ကောင် စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ပြန်လည် ရှင်သန်ရေးဆိုင်ရာ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သုံးသပ်ထားတယ်။ ဟောင်ကောင် အစိုးရ အရာရှိတွေက ဟောင်ကောင်က “ပြန်လာပြီ”လို့ ဝမ်းမြောက်စွာ ပြောဆိုကြပါတယ်။

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစိုးရရေးရာ၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ တခြား စီးပွားရေး လုပ်ငန်းများဟာ အမြန်ဆုံး ပြန်လည် နာလန်ပြန်ထူမှာ ဖြစ်ပြီး ဟောင်ကောင်ရဲ့ ပို့ကုန်၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ လက်လီရောင်းချမှုနဲ့ စားသောက်ဆိုင် လုပ်ငန်းများဟာ တည်ငြိမ်စွာ တိုးတက်သွားမယ်လို့ ဒီလ ၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အမေရိကန် CNN ဝက်ဘ်ဆိုက်ကလည်း ဒီနှစ် ဟောင်ကောင် စီးပွားရေး တိုးတက်မှုနှုန်းဟာ ၃.၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဟောင်ကောင်ဒေသဟာ နိုင်ငံတကာ ငွေကြေး၊ ရေကြောင်းပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးရဲ့ ဗဟိုချက်မနေရာ ဖြစ်ပါတယ်။ ဟောင်ကောင် စီးပွားရေး ကောင်းမွန်ရင် ကမ္ဘာကြီးကလည်း ပိုမို များပြားသော အခွင့်အလမ်းတွေ ရှိနိုင်ပါတယ်။

ဟောင်ကောင် ကုန်သွယ်ရေး ပုဂ္ဂိုလ်များက တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် အကြား ဝင်ထွက်မှု ဂိတ်တွေ ဘက်စုံ ဖွင့်လှစ်တာနဲ့ ဟောင်ကောင် စီးပွားရေး ပြန်လည် ဦးမော့ လာတာနဲ့အမျှ ဟောင်ကောင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးများလာမှာ ဖြစ်ပြီး ပြည်မကြီးမှ လုပ်ငန်းကုမ္ပဏီများရဲ့ ဟောင်ကောင်မှာ ငွေရင်းဆွဲဆောင်မှုနဲ့ ပြည်ပရောက် ကူးသန်းရောင်းဝယ်မှုတွေလည်း မြန်ဆန်စွာ တိုးတက်သွားမယ်လို့ ထောက်ပြထားပါတယ်။

တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် အကြား ဝင်ထွက်မှု ဂိတ်တွေ ဘက်စုံ ဖွင့် လှစ်ခြင်း ဟာ ဟောင်ကောင်ကို ပိုမို များပြားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားတွေ ရရှိ စေနိုင်မယ့် အပြင် ကမ္ဘာကြီးအတွက်လည်း ပိုမိုများပြားတဲ့ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး အခွင့် အလမ်း များကို ရရှိစေနိုင်မယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။