ဗြိတိန်နိုင်ငံမှ သူနာပြုများနှင့် လူနာတင်ကား ဝန်ထမ်းများ ထပ်မံ သပိတ်မှောက်

(GMT+08:00)2023-02-06 13:43:04  

    ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် ဥရောပသည် အမေရိကန်ကို လိုက်ပြီး ရုရှားအပေါ် အရေးယူမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဥရောပမှ စွမ်းအင်ဈေးနှုန်း အင်မတန် မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု ဆိုးရွားသည့်အတွက် ပြည်သူများ၏ နေထိုင်မှုဘဝတွင် ထိခိုက်မှု များစွာ ခံခဲ့ရသည်။ ထို့ကြောင့် ဥရောပနိုင်ငံအများအပြားတွင် သပိတ်မှောက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဗြိတိန်နိုင်ငံ နေရာများစွာတွင် သူနာပြုများနှင့် လူနာတင်ကား ဝန်ထမ်းများသည် ယခုလ ၆ ရက်နေ့ တွင် ထပ်မံ သပိတ်မှောက်ကြမည်ဖြစ်ကြောင်း ဗြိတိန် Sky News ဝက်ဘ်ဆိုက်တွင် ၅ ရက်နေ့က ကြေညာခဲ့ သည်။