ယူကရိန်းသည် ရုရှား နျူကလီးယား စက်မှုလုပ်ငန်း အပေါ် အရေးယူမှု ကျင့်သုံး

(GMT+08:00)2023-02-06 13:44:52  

ယူကရိန်း သမ္မတ Zelenskyyက ယခုလ ၅ရက်နေ့ညက ပုံမှန်အားဖြင့် ဗီဒီယို အသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားရာတွင် ယူကရိန်း နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး ကော်မတီမှ ရုရှား နျူကလီးယား စက်မှုလုပ်ငန်း အပေါ် အရေးယူမှု ဆိုင်ရာ ဆုံးဖြတ်ချက်သည် အာဏာတည်ပြီ ဖြစ်ကြောင်း ပြောကြားသည်ဟု ထိုနေ့က ယူကရိန်း အမျိုးသား သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်း-ဥရောပ သမဂ္ဂ ထိပ်သီး အစည်းအဝေး အပြီးတွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ Zelenskyyက ဥရောပ သမဂ္ဂအား ရုရှား အမျိုးသား အနုမြူစွမ်းအင် ကုမ္ပဏီRosatomအား အရေးယူမှု ကျင့်သုံးပါရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။