ပါကစ္စတန် သမ္မတဟောင်း Musharraf ကွယ်လွန်

(GMT+08:00)2023-02-06 13:44:00  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပါကစ္စတန်သမ္မတဟောင်း Pervez Musharraf သည် နာတာရှည်ဖျားနာမှုကြောင့် အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့ရှိ  ဆေးရုံတစ်ရုံ၌ ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ကြောင်း ဒေသခံမီဒီယာက ဖေါ်ပြသည်။  ပါကစ္စတန် ကြည်း၊ရေ၊လေတပ် ပြန်ကြားရေးရုံးမှ ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး ပါကစ္စတန် စစ်ဦးစီးမှူးချုပ်များပူးတွဲအစည်းအဝေးဥက္ကဋ္ဌနှင့် ကြည်း၊ရေ၊လေတပ် စစ်ဦးစီးမှူးချုပ်များသည်  Musharraf ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါသည်။