သြစတြီးယားနိုင်ငံတွင် ဆီးနှင်းပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံး

(GMT+08:00)2023-02-06 13:45:26  

ဖေဖော်ဝါရီလ ၃ရက်နေ့မှစ၍ သြစတြီးယားနိုင်ငံ အဲလ်ပ်တောင်တန်းဒေသ တွင် ဆီးနှင်းပြိုကျမှု အကြိမ်များစွာ ဖြစ်ပွားခဲ့သဖြင့် တရုတ် နိုင်ငံသား တစ်ဦးအပါအဝင် လူ၈ဦး သေဆုံးခဲ့ကြောင်း သြစတြီးယားမီဒီယာများက ဖေဖော်ဝါရီလ ၅ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

သေဆုံးသည့် သူတွေထဲက အသက် ၃၂နှစ် အရွယ်ရှိသော တရုတ်နှင်းလျှောစီး စကိတ်သမား သည် ဖေဖော်ဝါရီလ ၃ရက်နေ့က ဆီးနှင်းပြိုကျမှုနှင့် ကြုံတွေ့ရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်။