ရထားပေါ်တွင် မုန့်လုံးရေပေါ်ပွဲတော်ကို ဆင်နွှဲ

(GMT+08:00)2023-02-06 13:50:20  

ဖေဖော်ဝါရီလ ၅ရက်နေ့သည် တရုတ် ရိုးရာ မုန့်လုံးရေပေါ်ပွဲတော်နေ့ဖြစ်ပါသည်။ ကျီလင်မှ ဘေကျင်းသို့ သွားသည့် G3624 ရထားပေါ်ရှိဝန်ထမ်းများသည် ခရီးသည်များအား နွေးထွေးသော ခရီးစဉ်ကို ခံစားနိုင်ရန် ရထားတွဲများကို ကြိုတင်အလှဆင်ထားရုံသာမက ဖျော်ဖြေပွဲအစီအစဉ်များကိုလည်း အထူးပြင်ဆင်ထားပြီး ခရီးသည်များနှင့်အတူ မုန့်လုံး ရေပေါ် ပွဲတော်ကို ဆင်နွှဲခဲ့ကြပါသည်။ ယင်းလှုပ်ရှားမှုတွင် ရထားဝန်ထမ်းများသည် ပွဲတော်၏ သမိုင်းနှင့် ယဉ်ကျေးမှု စသည်တို့ကို ခရီးသည်များ အတွက် မိတ်ဆက်ပေးသည့်အပြင် ခရီးသည်များနှင့်အတူ မီးပုံးပဟေဠိများကိုလည်း  ကစားခဲ့ကြပါသည်။