ဘိုလီးဗီးယားတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး အတည်ပြုလူနာ ၃၄၀၀ ကျော် တွေ့ရှိ

(GMT+08:00)2023-02-06 13:43:33  

   ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဘိုလီးဗီးယားနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ အတည်ပြုလူနာ ၃၄၃၇ ဦး တွေ့ရှိပြီး ၎င်းတို့အနက် ၁၃ ဦး သေဆုံးကြောင်း၊ ဘိုလီးဗီးယားနိုင်ငံ အလယ်ပိုင်းဒေသရှိ ဆန်တာခရုဇ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ အတည်ပြုလူနာ ၂၂၅၄ ဦး တွေ့ရှိပြီး ယင်းမြို့သည် ဘိုလီးဗီးယားနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေ အဆိုးဝါးဆုံး ဒေသပင်ဖြစ်ကြောင်း ဘိုလီးဗီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး အယ်ဗာရို-ထရာဇာ့ဇ် က ၅ ရက်နေ့က ပြောကြားခဲ့သည်။

        အတည်ပြုလူနာ ၇၄ ရာခိုင်နှုန်းသည် ဆန်တာခရုဇ်မြို့တွင်တွေ့ရှိခဲ့ခြင်းကြောင့် ထိုမြို့ရှိ ဆေးရုံခုတင်များ ချို့တဲ့လျက်ရှိပြီးတော့ ဆေးကုသမှုစနစ် ပြိုလဲလုနီးပါး ဖြစ်နေကြောင်း ထရာဇာ့ဇ်က ပြောကြားခဲ့သည်။