အီကွေဒိုနိုင်ငံCotopaxiမီးတောင်သည် ဆက်လက်လှုပ်ရှားသောကြောင့် ကွီတိုမြို့တော်၌ မီးတောင်ပြာမှုန့်တွေ့ရှိ

(GMT+08:00)2023-02-06 13:45:57  

ဖေဖေါ်ဝါရီလ ၅ရက်နေ့က အီကွေဒိုနိုင်ငံ မြေကမ္ဘာရူပဗေဒသုတေသနဌာနမှ ထုတ်ပြန်သောစာတမ်းအရ ကွီတိုမြို့တော်တောင်ပိုင်း (၅၆)ကီလိုမီတာ ကွာဝေးသော Cotopaxiမီးတောင်သည် ယခုတလော ကြိမ်ဖန်များစွာ လှုပ်ရှားနေပြီး အရှိန်မြင့်တက်လာနေသည်ကို မြင်တွေ့ရကြောင်း ဖော်ပြထား ပါသည်။

၎ရက်နေ့မှစ၍ အဆိုပါမီးတောင်သည် ဓာတ်ငွေ့နှင့် မီးတောင်ပြာမှုန့်များ  ပေါက်ကွဲ နေကြောင်း မြင်တွေ့ရပါသည်။ လက်ရှိအချိန်တွင် အီကွေဒိုနိုင်ငံအလယ်ပိုင်း Pichincha ပြည်နယ်မှ အချို့မြို့နယ်များ နှင့် ကွီတိုမြို့တော်ရှိ အချို့ရပ်ကွက်များ၌ မီးတောင်ပြာမှုန့် များ ကျဆင်းသွားသည်ကို ထုတ်ပြန်သည့် စာတမ်းအရ သိရှိရပါသည်။