နိုင်ငံအချို့သည် တူရကီဆိုင်ရာ ကောင်စစ်ဝန်ရုံးများကို ပိတ်ပစ်၊ အနောက်နိုင်ငံများက ယင်းအတွက် ကြီးမားစွာ ပေးဆပ်ရမည်ဟု တူရကီသမ္မတ ဆို

(GMT+08:00)2023-02-06 13:44:27  

တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က မကြာသေးမီက အနောက်နိုင်ငံအချို့သည် လုံခြုံရေးခြိမ်းခြောက်မှုကို အကြောင်းပြုပြီး တူရကီနိုင်ငံရှိ ၎င်းတို့၏ကောင်စစ်ဝန်ရုံးများကို ပိတ်လိုက်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ တူရကီနိုင်ငံသည် ၆ရက်နေ့တွင် ကက်ဘိနက်အစည်းအဝေးကို ကျင်းပပြီး လိုအပ်သောဆုံးဖြတ်ချက်ကို ချမှတ်မည်ဖြစ်ကြောင်း၊ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါနိုင်ငံများမှ သံတမန်များအား အဆိုပါလုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်ရန် သတိပေးပြီး သို့မဟုတ်ပါကအနောက်နိုင်ငံများက ယင်းအတွက် ကြီးမားစွာ ပေးဆပ်ရမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် ၅ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။