အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မူဝါဒသည် မုသားစကားပေါ်တွင် မူတည် ထားသည်ဟု ရုရှား ဒူးမားလွှတ်တော် ဥက္ကဋ္ဌ ဆို

(GMT+08:00)2023-02-06 13:41:47  

 ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ ဗော်လော်ကင်က အမေရိကန်သည် မုသားစကား ပြောသည့် အင်ပါယာနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မူဝါဒသည် မုသားစကားပေါ်တွင် မူတည်ခြင်း ဖြစ်ကြောင်း ယခုလ ၅ ရက်နေ့က ပြောကြား ခဲ့ပါသည်။

   ဗော်လော်ကင်သည် ၄င်း၏ ဆိုရှယ်မီဒီယာတွင် (အမေရိကန်သည် မုသားစကား အင်ပါယာနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဝါရှင်တန်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်) ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။ ၄င်း၏ဆောင်းပါးတွင် လွန်ခဲ့သည့် နှစ် ၂၀ တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပါဝယ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အီရတ် က ဓါတုလက်နက်ကို သုတေသနပြု ထုတ်လုပ်သည်ဟု စွပ်စွဲခဲ့ကြောင်း၊ ယင်းသည် လွန်ခဲ့ သည့် နှစ် ၂၀ အတွင်း အမေရိကန်က နိုင်ငံတကာမိသားစုကြီးအား အကြီးမားဆုံးသော လိမ်လည်မှုပင် ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။