China Media Group ၏ မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ ပရိုမိုးရှင်း ဗီဒီယို ကို အရှေ့အလယ်ပိုင်း နိုင်ငံများစွာ၌ ပြသ

(GMT+08:00)2023-02-05 10:21:14  

 ယခုရက်များတွင် China Media Group ၏ ၂၀၂၃ ခုနှစ် မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ ပရိုမိုးရှင်း ဗီဒီယိုကို အရှေ့အလယ်ပိုင်း နိုင်ငံများစွာ၌ ပြသနေခဲ့ပါသည်။

ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့ညတွင် အီဂျစ်နိုင်ငံ၏ နိုင်ငံရေး မြို့တော်ရှိ အာဖရိက အမြင့်ဆုံး မျှော်စင်၏ ဖန်သားပြင်ကြီးတွင် China Media Group ၏ ၂၀၂၃ ခုနှစ် မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ ပရိုမိုးရှင်း ဗီဒီယိုကို ပြသခဲ့ပြီး ယင်းနေ့ကပင် တူရကီ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး၏ နွေဦးပွဲတော် ဧည့်ခံပွဲတွင်လည်း ယင်း ပရိုမိုးရှင်း ဗီဒီယိုကို ပြသခဲ့ပါသည်။

ဒေသစံတော်ချိန် ယခုလ ၂ ရက်နေ့တွင် အာရပ်စော်ဘွားများနိုင်ငံရှိ ကုန်စုံဆိုင်ကြီးများ၊ စူပါမားကက်ကြီးများ၏ ဖန်သားပြင်ကြီးများတွင်ရော၊ ဂျော်ဒန်နိုင်ငံ အန်မန်းမြို့ရှိ တရုတ် ယဉ်ကျေးမှုစင်တာ၏ ဖန်သားပြင်ကြီးများတွင်ပါ China Media Group ၏ မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ ပရိုမိုးရှင်း ဗီဒီယိုကို ပြသကာ ဒေသခံ ပြည်သူလူထုများစွာ လာရောက်ကြည့်ရှုရန် ဆွဲဆောင်နေသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။