၂၀၂၃ ခုနှစ် တရုတ်စီးပွားရေး တိုးတက်မှု အရှိန် ကောင်းမွန်သည်ဟု JPMorgan Chase China ၏ CEO ဆို

(GMT+08:00)2023-02-05 10:43:01  

 မကြာမီက JPMorgan Chase China ၏ CEO Mark Leung က နယူးယောက်မြို့၌ China Media Groupမှ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် နွေဦးပွဲတော် ကာလ အတွင်း တရုတ်ပြည် စားသုံးမှု ပမာဏ တိုးလာခြင်းသည် တရုတ်ပြည် စီးပွားရေး အားကောင်းပြီး တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်သည်ဟု ပြဆိုကြောင်း၊ စားသုံးမှုသာမကဘဲ အခြေခံ အဆောက်အအုံများ ဆိုင်ရာ အမှာစာများ၊ ကုန်ထုတ်လုပ်မှုများလည်း ထင်ရှားသိသာစွာ တိုးတက်လာကြောင်း၊ တရုတ်ပြည်၏ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ မူဝါဒများ ပိုမို ကောင်းမွန်အောင် ပြင်ဆင်လာသည်နှင့်အမျှ တရုတ်ပြည်၏ လုပ်ငန်းနယ်ပယ်များစွာတွင် ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်း တိုးလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။