ယူကရိန်းနှင့် ရုရှားတို့အကြား နောက်ထပ် တစ်ကြိမ် ချုပ်နှောင်ခံထားရသူများ လဲလှယ်မှု ပြီးဆုံး

(GMT+08:00)2023-02-05 13:24:37  

 ယူကရိန်းဘက်နှင့် စေ့စပ်ဆွေးနွေးပြီးနောက် ရုရှားစစ်ဘက်မှ ချုပ်နှောင်ခံထားရသူ ၆၃ဦးတို့ကို ပြန်လည် လွှတ်ပေးပြီး ရုရှားနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းကို ကိုးကား၍ TASS သတင်းဌာနက ရေးသားခဲ့သည်။ ရုရှားနှင့် ယူကရိန်း နှစ်ဖက် လဲလှယ်ခဲ့ကြသော ချုပ်နှောင်ခံထားရသူများထဲတွင် "အကဲဆတ်သောပုဂ္ဂိုလ်များ”ပါဝင်ပြီး ၄င်းတို့ လဲလှယ်မှုကို အာရပ်စော်ပွားများနိုင်ငံ၏ ညှိနှိုင်းမှုဖြင့် ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

    ယူကရိန်းသမ္မတရုံး ဥက္ကဋ္ဌ Andriy Yermak က လူမှုကွန်ရက် မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယူကရိန်းနှင့် ရုရှားတို့အကြား နောက်ထပ်တစ်ကြိမ် ချုပ်နှောင်ခံထားရသူများ လဲလှယ်မှု ပြီးဆုံးခဲ့ကြောင်း၊ ယူကရိန်းစစ်ဘက်မှ ချုပ်နှောင်ခံထားရသူ ၁၁၆ ဦးတို့သည် ယူကရိန်းနိုင်ငံသို့ ပြန်လာပြီး ၄င်းတို့အနက် စစ်ဘက်အရာရှိ ၂ ဦးနှင့် စစ်သား ၁၁၄ ဦး ပါဝင်ကြောင်း၊ ထို့အပြင် သေဆုံးသွားသော နိုင်ငံခြား “စေတနာ့ဝန်ထမ်း”၂ ဦးနှင့် ယူကရိန်း  “စေတနာ့ဝန်ထမ်း” ၁ ဦး၏ ရုပ်အလောင်းများကို ရုရှားဘက်မှ  ယူကရိန်းဘက်သို့  လွဲပြောင်းလက်ခံရရှိခဲ့ကြောင်း ရေးသားထားတယ်လို့ သိရှိပါသည်။