အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ

(GMT+08:00)2023-02-05 13:10:04  

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် "အာဆီယံရေးရာ- တိုးတက်မှု၏ ဗဟိုချက်ဖြစ်လာခြင်း(ASEAN Matters: Epicentrum of Growth)"ဆောင်ပုဒ် ဖြစ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသည် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံဖြစ်လာသည့်ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပသော အရေးကြီး အစည်းအဝေး တစ်ခုဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ယင်းအစည်းအဝေးတွင် မပါဝင်ခဲ့ပေ။ အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါသည်။