မုန့်လုံးရေပေါ်ပွဲတော်ကို ကြိုဆိုရန် ရောင်စုံလှုပ်ရှားမှုများကျင်းပ

(GMT+08:00)2023-02-05 13:33:24  

တရုတ်မုန့်လုံးရေပေါ်ပွဲတော်နီးကပ်လာသည့်အခါသမယတွင် တရုတ်နိုင်ငံ နေရာအများအပြားတွင် လှုပ်ရှားမှုမျိုးစုံကို ကျင်းပကြကြောင်းသိရပါသည်။

 ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တရုတ်စီချွမ်းပြည်နယ် ဟွာယင်မြို့မှ နေထိုင်သူများသည် တုန်းဖန်းကျေးရွာတွင်"ကျောက်တုံးများကို ခံစားခြင်းဖြင့် မြစ်ကိုဖြတ်ကူးခြင်း"ဖြစ်သော ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

 ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်စန်းတုန်း ပြည်နယ် ယန်ချင်ခရိုင်ရှိ ရှေးဟောင်းမြို့ ရှုခင်းသာ နေရာတွင် နဂါးနှင့်ခြင်္သေ့အကပြိုင်ပွဲဖြင့် ဖျော်ဖြေခဲ့ကြသည်။ 

 ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တရုတ်စီချွမ်းပြည်နယ် ဟွာယင်မြို့မှ နေထိုင်သူများသည် တုန်းဖန်းကျေးရွာတွင် ပျော်ရွှင်ဖွယ် ကောက်ညှင်းမုန့်ပြုလုပ်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၄ ရက်နေ့တွင်တရုတ်အန်းဟွေး ပြည်နယ် ဟွိုင်ပေမြို့ရှိ မူလတန်းကျောင်းသားများသည် မီးပုံးပဟေဠိများကို ဖြေဆိုကြသည်။