အမေရိကန်က နှစ်ပေါင်း ၃၀ ကြာ ပိတ်ထားခဲ့တဲ့ သံရုံးကို ပြန်ဖွင့် ပြီးနောက် လေးစားရေးနဲ့ တန်းတူညီတူဖြစ်ရေးကို ပိုမို အလေးထားရန် မျှော်လင့်

(GMT+08:00)2023-02-04 16:13:48  

   အမေရိကန်က ဆော်လမွန်ကျွန်းစုနိုင်ငံဆိုင်ရာ သံရုံးကို ပြန်ဖွင့်ခဲ့ခြင်း ကိစ္စနဲ့ ပတ်သက်ပြီး ဆော်လမွန်ကျွန်းစုနိုင်ငံ ဟော်နီယာရာမြို့တော်ရဲ့ လမ်းဘေးမှာ မြို့သူ နာတီ ဆာလာက ဗြိတိန်နိုင်ငံ The Guardian မှ အင်တာဗျူးကို လက်ခံ ဖြေကြားရာမှာ အမေရိကန်က ဒုတိယ ကမ္ဘာစစ်ကြီးတုန်းက ဒီနေရာမှာ ချန်ထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးများကို အရင် ရှင်းလင်းပေးပါလို့ ပြောခဲ့တယ်။

   ဒီသတင်း မဖော်ပြသေးခင် သုံးလေးရက်အလိုမှာ နှစ်ပေါင်း ၃၀ ကြာ ပိတ်ထားခဲ့တဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပြန်လည် ဖွင့်လှစ်ခဲ့တယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး ပစိဖိတ်ဒေသသို့ ပိုမို များပြားတဲ့ သံတမန်အရာရှိတွေကို စေလွှတ်ပြီး အမေရိကန်ရဲ့ လုပ်ငန်းစဉ်များနဲ့ အရင်းအမြစ်များကို ဒေသခံ လိုအပ်ချက်တွေနဲ့ ချိတ်ဆက်မယ်လို့ ပြောဆိုခဲ့တယ်။ အနောက်မီဒီယာ တော်တော်များများကတော့ အဲဒါဟာ အမေရိကန်က တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်မှု ပြုဖို့နဲ့ အာရှ ပစိတ်ဖိတ်ဒေသမှာ စီမံကိန်းများ ပိုမို လျင်မြန်စွာ ဖေါ်ဆောင်ဖို့ ဆောင်ရွက် ချက်သစ်တွေ ဖြစ်တယ်လို့ ယူဆကြတယ်။

   ၁၉၈၈ ခုနှစ်က အမေရိကန်ဟာ ဆော်လမွန်ကျွန်းစုမှာ သံရုံးကို ထားရှိခဲ့တယ်။ olitician  မဂ္ဂဇင်းရဲ့ အင်တာဗျူးအရ သံရုံးထားရှိတဲ့ အကြောင်းရင်းဟာ ဆိုဗီယက် ပြည်ထောင်စုရဲ့ ပစိဖိတ်ဒေသမှာ သြဇာညောင်းမှုကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်မှာ အမေရိကန်က အဲဒီသံရုံးကို ပိတ်ပစ် ခဲ့တယ်။ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံက ဆော်လမွန်ကျွန်းစုနိုင်ငံနဲ့ လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး မူဘောင်စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အထက်ပါ အချုပ်အာခြာ အာဏာပိုင် နိုင်ငံ နှစ်နိုင်ငံအကြား ပုံမှန် ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်က လက်မခံလိုဘဲ တစ်ဘက်မှာ ဆော်လမွန် ကျွန်းစုသို့ အရာရှိကို စေလွှတ်ပြီး တရုတ်နဲ့ ဆော်လမွန် ပူးပေါင်းဆောင်ရွက်မှုကို တားဆီးဖို့ ကြိုးပမ်းကာ တစ်ဘက်မှာ သံရုံး ပြန်ဖွင့်ဖို့ ကြေညာ ခဲ့တယ်။

  စိတ်ရင်းမှန်မှန် ထားခြင်းဟာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။ ပစိဖိတ်ကျွန်းနိုင်ငံများ လိုအပ်တာဟာ ဖွံ့ဖြိုးမှုအတွက် စိတ်ရင်းမှန် ထောက်ပံ့ကူညီမှုပဲ ဖြစ်တယ်။ ဘယ်နိုင်ငံမဆို နိုင်ငံကြီး ယှဉ်ပြိုင်မှုမှာ ပွန်းရုံလေးနဲ့ သားကောင် မဖြစ်စေချင်ဘူး။ အမေရိကန် အနေနဲ့ နှစ်ပေါင်း ၃၀ ကြာ ပိတ်ထားခဲ့တဲ့ သံရုံးကို ပြန်ဖွင့်ပြီးနောက် လေးစားရေးနဲ့ တန်းတူညီတူဖြစ်ရေးတို့ကို ပိုမို အလေးထားနိုင်ရန် မျှော်လင့်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။