China Media Group မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ ပရိုမိုးရှင်း ဗီဒီယို ကို တောင်အာဖရိက Mandela Square ရင်ပြင်တွင် ပြသ

(GMT+08:00)2023-02-04 16:21:59  

ဖေဖော်ဝါရီလ ၃ရက်နေ့တွင် China Media Group မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ ပရိုမိုးရှင်း ဗီဒီယို ကို တောင်အာဖရိက၏ အကြီးဆုံးမြို့ Johannesburg ရှိ အထင်ကရအဆောက်အအုံဖြစ်သည့် Nelson Mandela Square ရင်ပြင်တွင် ပြသခဲ့ပါသည်။ ယင်းသည် China Media Group မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို တောင်အာဖရိကရှိ အများပြည်သူဆိုင်ရာနေရာများတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ခြင်းဖြစ်ပါသည်။ ဗီဒီယို၏ ပျော်ရွှင်စရာမြင်ကွင်းသည် ခရီးသွားဧည့်သည်များကို ရပ်တန့်ကြည့်ရှုရန် ဆွဲဆောင်ခဲ့ပါသည်။ ဒေသခံ တရုတ်နွယ်ဖွားများသည် ရင်ပြင်တွင်ရှိသည့် တောင်အာဖရိကပြည်သူများကို မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံပြီး ၄င်းတို့ကို မုန့်လုံးရေပေါ်ပွဲတော်အကြောင်း ပြောပြခဲ့ပါသည်။