တရုတ်နိုင်ငံ ပထမဦးဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်း၏ Static စစ်ဆေးလက်ခံခြင်း လုပ်ငန်း စတင်

(GMT+08:00)2023-02-04 16:20:52  

    ဖေဖေါ်ဝါရီလ ၃ရက်နေ့က တရုတ်နိုင်ငံ ပထမဦးဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်းဖြစ်သည့် ဖူကျိုး-ရှမင် မြန်နှုန်းမြင့်ရထားလမ်း၏ Static စစ်ဆေးလက်ခံခြင်း လုပ်ငန်း စတင်ခဲ့ပြီး ယင်းလုပ်ငန်း ပြီးမြောက်ပြီးနောက်  ယခုနှစ် အတွင်း ဖူကျိုး-ရှမင် မြန်နှုန်းမြင့်ရထားလမ်း ဖွင့်လှစ် ပြေးဆွဲ လည်ပတ်နိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ဖူကျိုး- ရှမင် မြန်နှုန်းမြင့် ရထားလမ်းသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စတင် တည်ဆောက်ခြင်း ဖြစ်ပြီး စုစုပေါင်း ၂၇၇.၄၂ ကီလိုမီတာ ရှည်လျားကာ အမြန်ဆုံး တစ် နာရီ လျှင် ကီလိုမီတာ ၃၅၀ ခုတ်မောင်းနိုင်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။