CMG ၏ ၂၀၂၃ ခုနှစ် တရုတ်မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲအခမ်းအနား ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

(GMT+08:00)2023-02-04 10:51:15  

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်မည့် တရုတ်ပြက္ခဒိန်အရ ၁ လပိုင်း ၁၅ ရက်နေ့ တရုတ်မုန့်လုံးရေပေါ်ပွဲတော်သည် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်များအနက် တစ်ခုဖြစ်ပါသည်။ China Media Group ၏၂၀၂၃ ခုနှစ် တရုတ်မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲအခမ်းအနားတွင် ကျေးလက်တေးသီချင်း၊ အော်ပရာဇာတ်၊ စည်းချက်ကျွမ်းဘား၊ သီချင်း၊ အပြောနှင့်အဆို အနုပညာ စသည့် အနုပညာပုံစံများဖြင့် ရောင်စုံမီးပုံးအလှဆင်မှုများနှင့် စည်ကားလှသော တရုတ်မုန့်လုံးရေပေါ်ပွဲတော် ၏ ရိုးရာပွဲလမ်းသဘင် ထူးခြားချက်များကို ပြသပြီး လှပဝေဆာသော ရောင်စုံမီးပုံးများ၏ တောက်ပမှုတွေဟာ မင်္ဂလာရှိသည့် အငွေ့ အသက် များကို လက်ဆင့်ကမ်းပေးမည်ဖြစ်သည်။

တရုတ်မုန့်လုံးရေပေါ်ပွဲတော်သည် ရှေးယခင်ကတည်းက စည်ကား၍ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော မီးပုံးအလှရှုစားခြင်းဓလေ့ကို အဓိကထားပါသည်။ ယခုအကြိမ် မီးထွန်းပွဲတော်တွင် ဘေကျင်းမီးပုံး၊ ချင်ဟွိုင်မီးပုံး၊ ရှာစွတ်မီးပုံး၊ ချောင်ကျိုးမီးပုံး စသဖြင့် နိုင်ငံ့အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းတွင် ထည့်သွင်း ထားခြင်း ခံရ သော တရုတ်ရိုးရာဓလေ့ လက်မှုပညာများကိုလည်း အံ့အားသင့်ဖွယ် ပြသသွားမည် ဖြစ် သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ပြယဉ်ကျေးမှုရင်ပြင် ၅၀၀ ခန့်သည် “မြို့တစ်ရာနှင့် ဖန်သားပြင်တစ်ထောင်”8K အထူးကြည်လင်ပြတ်သားသော အများဆိုင်ရာ ဖန်သားပြင်ကြီး ဖြန့်ဝေရေး ပလက်ဖောင်းဖြင့် တရုတ်မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲ အခမ်းအနားကို ထုတ်လွှင့်ပြသမည်ဖြစ်ရာ “ရင်ပြင်တွင် ဖျော်ဖြေပွဲကြည့်ရှုရင်း မုန့်လုံးရေပေါ်ပွဲတော်ကို စည်စည်ကားကားဆင်နွှဲခြင်း” ဖြင့် မြို့ပြယဉ်ကျေးမှု လှုပ်ရှားမှုများအတွက် မြင်ကွင်းသစ်များကိုဖော်ပြမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် လက်ကိုင်ဖုန်းအသုံးပြုသူများအတွက် ပိုမိုများပြားသော မြင်ကွင်းများ၊ ရှုထောင့်များနှင့်အတူ စိတ်ဝင်တစားကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် China Media Group သည် “ဒေါင်လိုက်မျက်နှာပြင်+Audio Vivid” ၊ “အလျားလိုက်မျက်နှာပြင်+Audio Vivid” ပုံစံနှစ်မျိုးဖြင့် ဖျော်ဖြေပွဲအစီအစဉ်များကို ထုတ်လွှင့်ပေးမည် ဖြစ်သည်။

China Media Group ၏ ပလက်ဖောင်းများမှလည်း ၂၀၂၃ ခုနှစ် တရုတ်မုန့်လုံးရေပေါ်ပွဲတော် ဖျော်ဖြေပွဲအခမ်းအနား ကို တစ်ကမ္ဘာလုံးသို့ တပြိုင်နက် ထုတ်လွှင့်ပေးမည်ဖြစ်ရာ တရုတ်မုန့်လုံးရေပေါ်ပွဲတော်၏ စည်းကားသိုက်မြိုက်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အနှစ် သာရများကို အတူခံစားနိုင်ရန် ပင်လယ်ရပ်ခြားမှပရိသတ်များကိုလည်း ဖိတ်ခေါ် အပ်ပါသည်။