အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် အစည်းအဝေးပြုလုပ်ပြီး အထွေထွေကိစ္စရပ်များ ဆွေးနွေး

(GMT+08:00)2023-02-04 16:16:02  

   

    ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက်နေ့က (ဓာတ်ပုံတွင် ဘယ်ဘက်မှနေ ညာဘက်အထိ) မလေးရှား နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Enrique Manalo ၊ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ၊ လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ ဘရူနိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Adaljiza Magno နှင့် အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn တို့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အာဆီယံအတွင်းရေးမှူးရုံး၌ ကျင်းပသော အာဆီယံ ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အရှေ့တောင် အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ယိုယွင်းနေသော အခြေအနေများ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံဖူလုံမှု၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးနယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးကြကြောင်း သိရှိရသည်။