ချင်ကန်းနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-02-03 15:19:23  

ယခုလ ၂ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Hayashi Yoshimasaတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ချင်ကန်းက ယခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည့် ၄၅နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ဂျပန် နိုင်ငံနှင့် ယင်းကို အခွင့်ကောင်း အဖြစ်  သတ်မှတ်ပြီး တရုတ်-ဂျပန် ဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်း အတိုင်း ပြန်လည် ကောင်းမွန်တိုးတက်ရန် တွန်းအားပေးလိုကြောင်း၊ ဂျပန်ဘက်သည် တရုတ်ပြည် အပေါ် ပကတိအတိုင်း ဆင်ခြင်မှုရှိသည့် သိမြင်မှုနှင့် နားလည်သောသဘောထား ရှိပြီး သမိုင်းနှင့် ထိုင်ဝမ် စသည့် အရေးကြီး ပြဿနာများနှင့်ပတ်သက်၍ ကတိပြုချက်များကို စောင့်စည်းလိုက်နာကာ ချင့်ချင့်ချိန်ချိန် ပြုမူပြောဆို၍ စစ်ရေး လုံခြုံမှု နယ်ပယ်တွင် ဆင်ခြင်စွာ ဆောင်ရွက်ပြီး တျောက်ယွီကျွန်း ပြဿနာနှင့် ပတ်သက်၍ လက်ယာအင်အားစု၏ ရန်စမှုကို တားမြစ်ရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Hayashi Yoshimasaက ဂျပန်ဘက်သည် တရုတ်ဘက်နှင့် အတူ တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည့် ၄၅နှစ် ပြည့်မြောက်နှစ်ကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး အပြုသဘောဆောင်သော၊ တည်ငြိမ်သော ဂျပန်-တရုတ် ဆက်ဆံမှုကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။