တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲကို ဧပြီလ ၁၁ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပမည်

(GMT+08:00)2023-02-03 16:04:42  

ဖေဖော်ဝါရီလ ၂ရက်နေ့ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲအတွက် ပြင်ဆင်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲကို ဧပြီလ ၁၁ရက်နေ့မှ ၁၅ရက်နေ့အထိ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ဧပြီလ ၁၀ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပါသည်။

ယခုအကြိမ် တရုတ်နိုင်ငံတကာ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲ၏ စုစုပေါင်း ပြခန်းဧရိယာသည် စတုရန်းမီတာ ၁သိန်းရှိပြီး ၄င်းအနက် နိုင်ငံတကာ ပြခန်းဧရိယာသည် စတုရန်းမီတာ ၈ သောင်း ရှိကာ ပြည်တွင်းပြခန်းဧရိယာ စတုရန်းမီတာ၂ သောင်းရှိမည်ဖြစ်ကြောင်း China Media Group မှ သတင်းရရှိပါသည်။