ကမ္ဘာ့ကြိုးကြာဖြူများကို ကာကွယ်ပေးသည့်လူတစ်ဦးနှင့် ငှက်အုပ်စုကြား တစ်သက်တာရေစက်

(GMT+08:00)2023-02-03 16:11:14  

တရုတ်နိုင်ငံ ဂျီလင်ပြည်နယ် ပိုင်ချင် ဂေဟစနစ် ကာကွယ်ရေး နယ်ပယ်တွင် လူတိုင်းက သူ့ကို "ဦးလေးငှက်" ဟု ခေါ်ဝေါ်ကြသည်။ သူသည် တရုတ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ ဂျီလင်ပြည်နယ် ပိုင်ချင် ပျံသန်းမှု စောင့်ကြပ်ရေးအဖွဲ့က အဖွဲ့မှူး Pan Shengyu ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် Pan Shengyu သည် ဂျီလင်ပြည်နယ် ပိုင်ချင် ပျံသန်းမှု စောင့်ကြပ်ရေးအဖွဲ့ကိုဖွဲ့စည်းရာတွင် ဦးဆောင်ခဲ့သူလည်းဖြစ်ပါသည်။ လက်ရှိတွင် စေတနာ့ဝန်ထမ်း ၂၀၀ ကျော်ရှိကာ ကယ်ဆယ်ထားသောငှက်အရေအတွက်မှာ ၁၁၀၀ ခန့်ရှိပြီး ၄င်းအနက် နိုင်ငံတော်ပထမအဆင့် ကာကွယ်စောင့်ရှောက်ရေးတိရစ္ဆာန်ဖြစ်သည့် ကြိုးကြာ အကောင် ၂၀ ကျော်လည်း ပါဝင်ပါသည်။