နေတိုးအဖွဲ့ကို အာရှနှင့် ပစိဖိတ်သို့ ဝင်ရောက်စေရန် ဂျပန်၏ ကြံစည်ခြင်းသည် မီးကစားခြင်းပင်ဖြစ်

(GMT+08:00)2023-02-03 15:21:21  

မကြာခင်က ဂျပန် ဝန်ကြီးချုပ် Fumio Kishidaသည် အလည်အပတ် ရောက်ရှိလာသော နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenbergနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ နှစ်ဖက်တို့ ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် တရုတ်ပြည်မှ “စစ်ရေး ခြိမ်းခြောက်မှု” ဆိုသည်ကို အစွမ်းကုန် ချဲ့ကား ပြောဆိုခဲ့ကြပါသည်။ Fumio Kishidaက ဂျပန်သည် နေတိုးအဖွဲ့၏ မူဝါဒ ဆုံးဖြတ်ရေး လုပ်ငန်းဌာန ဖြစ်သည့် North Atlantic Councilအစည်းအဝေးသို့ အချိန်မှန် တက်ရောက်ရန် စဉ်းစားမည် ဖြစ်ပြီး အာရှနှင့် ပစိဖိတ်ဒေသတွင် နေတိုးအဖွဲ့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် ဂျပန် အင်အားစု အချို့က ကိုယ်ကျိုး အတွက် ပြင်ပ အင်အားများနှင့် အရှိန်မြှင့် ချိတ်ဆက်ပြီး အချင်းပွားမှုနှင့် ခုခံယှဉ်ပြိုင်မှု ဖြစ်ပွားရန် အန္တရာယ်များကို အာရှနှင့် ပစိဖိတ် ဒေသသို့ ယူဆောင်လာနေသည်ကို ပြဆိုနေပါသည်။

အပေါ်ယံမှ ကြည့်လျှင် ဂျပန်၏ အဆိုပါ လုပ်ဆောင်ချက်များသည် အမေရိကန် ဦးဆောင်သော နေတိုးအဖွဲ့၏နောက်ကို လိုက်ခြင်းပင် ဖြစ်ပါသည်။ အမှန်တကယ်တော့ ဂျပန်၏ ကိုယ့် နိုင်ငံရေး တွက်ချက်မှုလည်း ပါဝင်ပါသည်။ မကြာခင်နှစ်များတွင် ကမ္ဘာ့ ပထဝီဝင် နိုင်ငံရေး အနေအထား နက်ရှိုင်းစွာ ပြောင်းလဲနေပြီး အမေရိကန်သည် တရုတ်ပြည်ကို “အဓိက အကျဆုံးသော ယှဉ်ပြိုင်သူ” အဖြစ် မှားယွင်းစွာ သတ်မှတ်ထား၍ ဂျပန် လက်ယာ အင်အားစုများသည် ယင်းသည် ပြန်လည်ဦးမော့လာရန် အခွင့်အလမ်း တစ်ခု ဖြစ်သည်ဟု ယူဆလာခဲ့ကြပါသည်။ ၄င်းတို့သည် တရုတ်ပြည်ကို ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်မှုများကို အကြံကုန်ဥာဏ်ကုန်ထုတ်၍ ပြုလုပ်နေကြပါသည်။ ရည်ရွယ်ချက်မှာ ဂျပန် ပြည်သူများကို ဖြားယောင်းသွေးဆောင်ပြီး ပြည်တွင်း အများပြည်သူ ထင်မြင်ချက်ကို ကြိုးကိုင်ထိန်းချုပ်ရန် ဖြစ်သည့် အပြင်၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများရှိ တရုတ်ပြည်ကို ဆန့်ကျင်ရေး အင်အားများအား အလိုလိုက်အကြိုက်ဆောင်ရန်လည်း ဖြစ်ကာ ဂျပန်နိုင်ငံ၏ စစ်အင်အား အရှိန်မြှင့် တိုးချဲ့ပြီး ဂျပန် နိုင်ငံကို “ပုံမှန်သော နိုင်ငံ” ဖြစ်စေဖို့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရန်လည်း ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ်အပြီးတွင် ဂျပန် အစွန်းရောက် လက်ယာ အင်အားစုများသည် ထိထိရောက်ရောက် အရေးယူမှု မခံရသေးပါ။ ၄င်းတို့သည် အာရှနှင့် ပစိဖိတ် ဒေသတွင် မတည်ငြိမ်မှု ဖြစ်ရပ်များကို တမင်ပြုလုပ်ပြီး စစ်ဝါဒကို ပြန်အသက်သွင်းရန် ကြံစည်နေကြပါသည်။ သို့သော် ၂၁ရာစုနှစ်သည် ဂျပန်နိုင်ငံက လက်နက်အင်အားဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ဝင်ရောက် ကျူးကျော်သည့် ခေတ်ကာလ မဟုတ်တော့ပါ။ ဂျပန် နိုင်ငံရေး သမားများသည် အာရှနှင့် ပစိဖိတ် ဒေသတွင် ဒုက္ခ မရောက်ရောက်အောင် ဖန်တီးခြင်းများ ဆောင်ရွက်ပါက မီးကစားသူ မီးဝါးခံရလိမ့်မည် ဖြစ်ပါသည်။