ဝမ်ယိသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Korosi နှင့် တွေ့ဆုံ

(GMT+08:00)2023-02-03 15:37:29  

ဖေဖော်ဝါရီလ ၂ရက်နေ့က ဘေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး တာဝန်ခံ ဝမ်ယိသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Korosi နှင့် တွေ့ဆုံခဲ့ပါသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂအား ဆက်လက်ခိုင်မာစွာ အားပေးထောက်ခံမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် တစ်ဆင့်တိုးအားဖြည့်ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကမ်းလှမ်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကမ်းလှမ်းချက်ကို အကောင်အထည်ဖော်ကာ ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို မြှင့်တင်၍ ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှု နှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူရင်ဆိုင်ရန် ဆန္ဒရှိကြောင်း ဝမ်ယိက ပြောကြားခဲ့ပါသည်။

Korosiက တရုတ်နိုင်ငံအစိုးရမှ ကုလသမဂ္ဂ နှင့် ဘက်ပေါင်းစုံဝါဒအား ထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ခြင်းအတွက် တရုတ်နိုင်ငံအား ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါသည်။