အငြိမ်းစားလေယာဉ်တင်သင်္ဘော မြုပ်နှံရန် ဘရာဇီးရေတပ် စီစဉ်

(GMT+08:00)2023-02-03 15:25:47  

ဘရာဇီးရေတပ်က ၃လခန့် ကမ်းလွန်ပင်လယ်ပြင်တွင် မျောနေသည့် အငြိမ်းစားလေယာဉ်တင်သင်္ဘော“ဆော်ပေါ်လို”ကို အတ္တလန်တိတ်သမုဒ္ဒရာရှိ ဘရာဇီးနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်ထဲသို့ မြုပ်နှံရန် စီစဉ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

လေယာဉ်တင်သင်္ဘော“ဆော်ပေါ်လို”သည် ဘရာဇီးနိုင်ငံက ၂၀၀၀ပြည့်နှစ် မှာ ပြင်သစ်နိုင်ငံကနေ ဝယ်ယူခဲ့သည့် အငြိမ်းစားလေယာဉ်တင်သင်္ဘော“Foch”ဖြစ် ပြီး လေယာဉ် အစင်း ၄၀ ခန့် တင်ဆောင်နိုင်ကာ ၁၉၆၃ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ပြင်သစ်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဘရာဇီးနိုင်ငံသည် ဝယ်ယူ ပြီးနောက် အဆိုပါလေယာဉ်တင်သင်္ဘောသည် မတော်တဆမှုများစွာနှင့် ကြုံတွေ့ခဲ့ရ ပါသည်။ ဘရာဇီးရေတပ်သည် “ဆော်ပေါ်လို”ကို ၂၀၁၈ခုနှစ်က တရားဝင်ဖယ်ရှားခဲ့ ပါသည်။