ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုသည် Nord Stream ပိုက်လိုင်း စစ်ဆေးပြုပြင်မှုတွင် အဟန့်အတားဖြစ်စေဟု Statoil ASA ဆို

(GMT+08:00)2023-02-03 15:41:42  

ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုကြောင့် ပျက်စီးနေသော Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း စစ်ဆေးပြုပြင်ရန် လိုအပ်သော ဝန်ဆောင်မှုများနှင့် စက်ကိရိယာများကို Statoil ASA မှ မပေးအပ်နိုင်ခဲ့ကြောင်း ယခုလ ၁ ရက်နေ့က Statoil ASA က ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

ယမန်နှစ် စက်တင်ဘာလကုန်ပိုင်းက ရုရှားနိုင်ငံမှ ဥရောပသို့ ပို့ဆောင်ပေးနေသည့်    " Nord Stream 1" နှင့် " Nord Stream 2" ပင်လယ်ကြမ်းပြင်ရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ၏ လိုင်းခွဲ သုံးခုတွင် ပေါက်ကွဲမှုနှင့် ယိုစိမ့်မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းအရ သိရပါသည်။