အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးပြိုင်ဆိုင်ရန် စစ်မြေပြင် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-02-02 14:45:08  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ဖေဖော်ဝါရီလ ၁ရက်နေ့က နေတိုးအဖွဲ့မှ အတွင်းရေးမှူးချုပ်၏ တရုတ်နိုင်ငံနှင့် ပတ်သက်သော ပြောဆိုချက်ကို တုံ့ပြန်ပြောကြားရာတွင် အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးပြိုင်ဆိုင်ရန် စစ်မြေပြင် မဟုတ်ကြောင်း၊ စစ်အေးအတွေးအခေါ်နှင့် အုပ်စု ထိပ်တိုက်ရင်ဆိုင်မှုကို မကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

နေတိုးအဖွဲ့မှ အတွင်းရေးမှူးချုပ်သည် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ် ရာတွင် တရုတ်နိုင်ငံ၏ လုံခြုံရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန်အတွက် နေတိုးအဖွဲ့ အနေဖြင့် စည်းလုံးညီညွှတ်မှုနှင့် ကြံ့ခိုင်ပြတ်သားမှုကို ကာကွယ်ထိန်းသိမ်းသင့် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံသည် ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၏ ကာကွယ် ထိန်းသိမ်းသူ အဖြစ်အမြဲရှိကြောင်း၊ လူအများအာရုံစိုက်ကြသောပြဿနာများနှင့် ပတ်သက်၍ တင်းမာသော အခြေအနေကို လျော့နည်းစေရန် အတွက် မိမိတို့သည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးလျက်ရှိကြောင်း၊ နေတိုးအဖွဲ့အနေဖြင့် ဥရောပတိုက်၏ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် မည်ကဲ့သို့သော အခန်းကဏ္ဍ မှ ပါဝင်ခဲ့သနည်းဟု သေသေချာချာ စဉ်းစားသင့်ကြောင်း ပြောကြားခဲ့ပါသည်။