ရှီကျင့်ဖိန် သည် ပါကစ္စတန်နိုင်ငံသမ္မတ ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-02-02 14:44:42  

ဖေဖော်ဝါရီလ ၁ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပါကစ္စတန် နိုင်ငံတွင် ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ ပါသည်။

သမ္မတ ရှီကျင့်ဖိန် က အဆွေတော်တို့နိုင်ငံ Cape ပြည်နယ် Peshawar မြို့တွင် ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူမြောက်များစွာ သေကြေ အနာတရဖြစ်ခဲ့ရသည်ဟု အံ့သြစွာကြားသိရသည့်အတွက်  မိမိအနေဖြင့် တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား သေဆုံးသူများအတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားပြီး ဒဏ်ရာရရှိသူများနှင့် ကျန်ရစ်သူမိသားစု ဝင်များအား နှစ်သိမ့် အားပေး ပြောကြားလိုကြောင်း ဖော်ပြခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒမှန်သမျှကို ဆန့်ကျင်ပြီး ယင်းအရေးအခင်းကို ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ပါကစ္စတန်နိုင်ငံမှ နိုင်ငံတော်အကြမ်းဖက်မှုတိုက်ဖျက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ပြီး လူ့အဖွဲ့အစည်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းကာ ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံနှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း အလေးထားဖော်ပြခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန် သည်လည်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Muhammad Shahbaz Sharif ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။