နှစ်ပေါင်း ၆၀၀ နီးပါး သက်တမ်းရှိသော ရှေးဟောင်းနံရံပန်းချီကားများ “အသက်ဝင်”လာ

(GMT+08:00)2023-02-02 14:54:32  

မကြာသေးမီက ဘေကျင်း Fahai ဘုရားကျောင်းရှိ နံရံပန်းချီကားများကို ဒစ်ဂျစ်တယ်အနုပညာပြတိုက် နာမည်ဖြင့် အများပြည်သူအား ဖွင့်လှစ်ပြသခဲ့ပါသည်။ ယင်းပြပွဲနေရာ၌ 4K high-definition display ဖန်သားဖြင့် မူရင်းပန်းချီကားများကို မူရင်းအချိုးအစားအတိုင်း ပြန်လည်ပြသထားပြီး 360° သုံးဖက်မြင် ဖန်သားဖြင့် ရှေးဟောင်းလက်မှုပညာရှင်များ၏ ဉာဏ်ရည်ကို ပြန်လည်ပြသကာ နံရံပန်းချီကားများ၏ မူရင်းပုံသဏ္ဍာန်မပျက် ရှင်းရှင်းလင်းလင်းမြင်သာအောင်ပြသထားပါသည်။ နှစ်ပေါင်း ၆၀၀ နီးပါး သက်တမ်းရှိသော ရှေးဟောင်းနံရံပန်းချီကားများ “အသက်ဝင်”လာသကဲ့သို့ ဖြစ်လာပါသည်။