ယခုနှစ်တွင် တရုတ်စီးပွားရေးရှင်သန်အားနှင့် ငုပ်လျှိုးနေသော အင်အားသည် အပြည့်အဝ စွမ်းဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2023-02-02 14:45:42  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုလ ၁ ရက်နေ့မှာ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်စီးပွားရေးတိုးတက်မှုနှုန်းဆိုင်ရာ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ ယခုနှစ်တွင် တရုတ်စီးပွားရေး ရှင်သန်အားနှင့် ငုပ်လျှိုးနေသော အင်အားကို အပြည့်အဝစွမ်းဆောင်ပြုလုပ် မည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတွင် ယုံကြည်စိတ်နှင့် တွန်းအားများကို ဆက်လက်ထည့်သွင်းမည့် အကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

မကြာခင်က ကုလသမဂ္ဂသည် "၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အလားအလာ" အစီရင်ခံစာကို ထုတ်ပြန်ပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုနှုန်းသည်  ၄.၈ ရာခိုင်နှုန်းအထိရှိမည်ဟု ခန့်မှန်းရကြောင်း သတင်း အရ သိရပါသည်။