အာရှနှင့် ပစိဖိတ်ဒေသတွင် နေတိုးအဖွဲ့၏ ကြံစည်ချက်သည် ထမြောက်အောင်မြင်မည် မဟုတ်

(GMT+08:00)2023-02-02 14:43:00  

ဇန်နဝါရီလ ၃၁ရက်နေ့ ညက ဂျပန်တွင် ခရီးလှည့်လည်နေသော နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenbergနှင့် ဂျပန် ဝန်ကြီးချုပ် Fumio Kishidaတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာ နှစ်ဖက်တို့သည် ပင်လယ်ပြင် လုံခြုံရေး၊ ဆိုက်ဘာ နယ်ပယ်၊ လက်နက်ပစ္စည်း ထိန်းချုပ်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြသည့် အပြင် တရုတ်ပြည်၏ စစ်အင်အား၊ ထိုင်ဝမ်ပြဿနာနှင့် ပတ်သက်၍လည်း ဝင်ရောက်စွက်ဖက် ပြောဆိုခဲ့ကြပါသည်။ ဂျပန် ခရီးစဉ် မရောက်ခင် တောင်ကိုရီးယား ခရီးစဉ်တွင် Stoltenbergက တရုတ်ပြည်သည် အနောက်နိုင်ငံများ၏ တန်ဖိုးအမြင်၊ အကျိုးစီးပွားနှင့် လုံခြုံရေး အပေါ် စိန်ခေါ်မှု ဖြစ်နေသည်ဟုလည်း ပြောကြားခဲ့ပါသည်။ နေတိုးအဖွဲ့သည် အမေရိကန်၏ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”၏ တွန်းအားပေးမှုဖြင့် တရုတ်ပြည်ကို အကြောင်းပြုပြီး အာရှနှင့် ပစိဖိတ်ဒေသသို့ ဝင်ရောက်ကာ စစ်အေးအသစ် ဖြစ်ပေါ်ရန် အန္တရာယ်ကို ဆောင်ကြဉ်းလာပါသည်။ အာရှနှင့် ပစိဖိတ် နိုင်ငံများသည် ယင်းအပေါ် အထူး သတိထားသင့်ပါသည်။

သို့သော် ယနေ့ခေတ် နေတိုးအဖွဲ့သည် ယခင်ခေတ်ကို မမှီနိုင်ပါ။ စစ်အေးမှ ပေါ်လာသည့် အရာ ဖြစ်သည့် နေတိုးအဖွဲ့က လုံခြုံရေး ခြိမ်းခြောက်မှုဆိုသည်ကို နေရာအနှံ့အပြားတွင် ချဲ့ကားပြောဆိုခြင်းသည် နိုင်ငံရေး ပြသမှုပင် ဖြစ်ပါသည်။

အမေရိကန် ဦးဆောင်သော နေတိုးအဖွဲ့၏ ကြံစည်ချက် အပေါ် အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံ အများစုသည် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး ပြတ်ပြတ်သားသား ကွန့်ကွက်ကြပါသည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် နေတိုးအဖွဲ့၏ ဗိုလ်ကျ စိုးမိုးမှု လောဘရမ္မက်ကို အကောင်အထည်ဖော်ဆောင်ရန် အတွက် သော့ချက် ဖြစ်သည်ဟု နေတိုးအဖွဲ့က ယူဆပါသည်။ သို့သော် အာရှနှင့် ပစိဖိတ် နိုင်ငံများ ဖြစ်ကြသည့် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် နေတိုးအဖွဲ့ နောက်ကိုလိုက်ပြီး အာရှနှင့် ပစိဖိတ် ဒေသ ပူးပေါင်းဆောင်ရွက်ရေး လမ်းမှန်ပေါ် မလျှောက်လှမ်းဘဲ ခုခံယှဉ်ပြိုင်မှုကို လှုံ့ဆော်သည့် လမ်းမှား အတိုင်း လျှောက်လှမ်းပါက ရှောင်လွှဲမရဘဲ ရှုံးနိမ့်သွားမည်ကို သိရှိနားလည်သင့်ပါသည်။

လက်ရှိတွင် နေတိုးအဖွဲ့သည် ဧရာမ အရာ ဖြစ်နေသော်လည်း ယနေ့ခေတ်၏ စွန့်ပစ်မှု ခံခဲ့ရပါသည်။ ၄င်းသည် နိုင်ငံရေး ပြသမှုကို မည်သို့ပင် ပြုလုပ်သည် ဖြစ်စေ ယင်းအဖြစ်မှန်ကို မဖုံးကွယ်နိုင်ပါ။ နေတိုးအဖွဲ့သည် အာရှနှင့် ပစိဖိတ် ဒေသတွင် မတည်ငြိမ်မှု ဖြစ်ရပ်များကို တမင်ပြုလုပ်ချင်သော်လည်း ထမြောက်အောင်မြင်မည် မဟုတ်ပေ။ အာရှနှင့် ပစိဖိတ် ဒေသသည် နိုင်ငံကြီးများ အကြား ပြိုင်ဆိုင်ရာ နေရာ မဟုတ်ပါ။ စစ်အေး အသစ်ကို လှုံ့ဆော်သည့် ကြံစည်ချက် မှန်သမျှကို အာရှနှင့် ပစိဖိတ် နိုင်ငံများမှ ပြည်သူများ အနေနှင့် ခွင့်ပြုမည် မဟုတ်သလို ယနေ့ခေတ်ကလည်း ခွင့်ပြုမည် မဟုတ်ပေ။