Huangshan တောင်တွင် နေ့တိုင်းဖြတ်ကျော်သော စာပို့သမား

(GMT+08:00)2023-02-02 14:48:09  

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် Huangshan တောင် ရှုခင်းသာနေရာရှိ တစ်ဦးတည်းသော လမ်းမှာလျှောက်လှမ်းပြီး စာပို့နေသော စာပို့သမားလေးတစ်ယောက်ဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားတဲ့ Xie Feijun ဆိုသည့် အမျိုးသားလေးတစ်ဦးဖြစ်ပါသည်။ သူသည် နေ့တိုင်း ကီလိုဂရမ် ၃၀၊၄၀ ခန့်လေးသော ပါဆယ်ထုပ်ကို သယ်ပြီး ပင်လယ်ပြင်မျက်နှာပြင်ထက် မီတာ ၁၃၀၀ ခန့်မြင့်သည့် တောင်ပေါ်တွင် ၁၂ ကီလိုမီတာ လမ်းလျှောက်ရကာ  လှေကားထစ် ၁၂၀၀၀ ခန့် တက်ရဆင်းရပါသည်။ ကြမ်းတမ်းပြီး မတ်စောက်သော တောင်လမ်းတွင် Xie Feijun သည် စာအိတ်ပေါင်း ၁၂၂၆၀၀၊ ပါဆယ်ထုပ် ၆၇၈၀၀ နှင့် စာနယ်ဇင်း ၁.၈၄၆ သန်းတို့ကို လွန်ခဲ့သည့် ၇ နှစ်အတွင်းမှာ ပေးပို့ခဲ့ပါသည်။ ၂၀၂၂ခုနှစ်တွင် သူသည် "ပြည်လုံးဆိုင်ရာ အလုပ်သမားနေ့အလုပ်သမားဆုတံဆိပ်" ကို ရရှိခဲ့ပါသည်။