ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်ကို အရှိန်မြှင့် တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၏ လုံခြုံမှုနှင့် လက်ဦးမှုကို တိုးမြှင့်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-02-02 14:43:58  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ဇန်နဝါရီလ ၃၁ရက်နေ့ ညနေပိုင်းက ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်ကို အရှိန်မြှင့် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ဆွေးနွေးပွဲ ကျင်းပခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာတွင် ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်ကို အရှိန်မြှင့် တည်ဆောက်ခြင်းသည် ဒုတိယ နှစ်၁၀၀ အားထုတ်ကြိုးပမ်းခြင်း ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရေးကို မူတည်၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားကာ ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲပြီး ပြုလုပ်သော မဟာဗျူဟာ ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရေး လက်ဦးမှု ရယူရန် မဟာဗျူဟာ စီစဉ်ပေးမှုလည်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်ကို အရှိန်မြှင့် တည်ဆောက်မှသာ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်ကို ခိုင်မာစေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို တိုးမြှင့်ကာ ခန့်မှန်းနိုင်သော၊ မခန့်မှန်းနိုင်သော အခက်အခဲများတွင် တရုတ်ပြည်၏ အသက်ရှင်နေထိုင်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းကို တိုးမြှင့်၍ ဆိုရှယ်လစ် ခေတ်မီ နိုင်ငံတော် ဘက်စုံ တည်ဆောက်ရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။