ကျေးလက်နေအမျိုးသမီးများ ထိုင်ခုံရှည် နဂါးအကဖြင့် မုန့်လုံးရေပေါ်ပွဲတော်ကို ကြိုဆို

(GMT+08:00)2023-02-02 14:46:31  

ကျေးလက်နေအမျိုးသမီးများ  ထိုင်ခုံရှည် နဂါးအကဖြင့် မုန့်လုံးရေပေါ်ပွဲတော်ကို ကြိုဆို

ယခုလ ၁ ရက်နေ့က ဒရမ်တီးသံများဖြင့် ကျဲ့ကျန်းပြည်နယ် ယောင်ခိုရွာမှ အမျိုးသမီး ထိုင်ခုံရှည် နဂါးအကအဖွဲ့သည် ထိုင်ခုံရှည် ပေါင်း ၅၀ ကျော် ချိတ်ဆက်ထားသည့် မီတာ ၁၀၀ ရှည်သည့် ထိုင်ခုံနဂါးနဲ့ နဂါးအက ကပြီး မုန့်လုံးရေပေါ်ပွဲတော်ကို ကြိုဆို ကြပါသည်။

 ဟန်ကျိုးမြို့ ဖုယန်ရပ်ကွက်  ယောင်ခိုရွာမှ အမျိုးသမီး ထိုင်ခုံရှည်နဂါးအကသည် နှစ် ၂၀၀ ကျော် သမိုင်းရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ကြောင်း သတင်းအရ သိရပါသည်။