ကွေ့ကျိုးပြည်နယ်ရှိ ဟွာမြစ်ဘေးချောက်ကမ်းပါးပေါ် တံတားတည်ဆောက်မှု အလုပ်များနေ

(GMT+08:00)2023-02-02 14:51:48  

နှစ်သစ်အစတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဟွာမြစ်ဘေးရှိ ချောက်ကမ်းပါးပေါ် တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် အလုပ်များနေကြပါသည်။ ယင်းတံတားကြီးသည် လျုကြီး-အန်းလုံ အမြန်လမ်း၏ အရေးပါသော စီမံကိန်းတစ်ခုဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ပင်မတံတား၏ မျက်နှာပြင်နှင့် ချောက်ကမ်းပါးအောက်ရှိ ဘေဖန်းမြစ် ရေမျက်နှာပြင်၏ အကွာအဝေးသည် ၆၂၅ မီတာရှိပါသည်။ ယင်းတံတားကြီးသည် ၂၀၂၅ခုနှစ်တွင် တည်ဆောက် ပြီးစီးနိုင်ကြောင်း သိရပါသည်။