တရုတ်-လာအို မီးရထားများသည် ခရီးသည် ၁၀ သန်းကျော် ပို့ဆောင်ပေးခဲ့

(GMT+08:00)2023-02-02 14:51:06  

တရုတ်-လာအို မီးရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ "Fuxing" နှင့် "Lancang" မြန်နှုန်းမြင့်ရထားများသည် ဘေးကင်းလုံခြုံ အချိန်မှန် မြန်ဆန်၊ သက်တောင့်သက်သာရှိစွာ ခုတ်မောင်းပြီး ရထားလမ်းတစ်လျှောက်ရှိ မြို့များကြား သွားလာချိန် တိုတောင်းစေ၍ နှစ်နိုင်ငံပြည်သူများ နှစ်သက်ကြကြောင်း၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့အထိ ခရီးသည်တင်ရထား စုစုပေါင်း အကြိမ် ၂သောင်း ပြေးဆွဲခဲ့ပြီး ခရီးသည် ၁၀၃ သိန်းကို ပို့ဆောင်ပေးခဲ့ကြောင်း China Railway Kunming Group Co.,Ltd မှ သိရပါသည်။