အနောက်နိုင်ငံများ၏ စစ်ပွဲဝင်တင့်ကားကို ဖျက်ဆီးခြင်း သို့မဟုတ် ဖမ်းဆီးရမိသော ရုရှားစစ်သားများသည် အမြင့်ဆုံး ဆုကြေးငွေ ရူဘယ် ၅ သန်းရမည်

(GMT+08:00)2023-02-01 15:32:56  

ရုရှားဓာတုဗေဒပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း Fores သည် လွန်ခဲ့သည့်ရက်များတွင် ၄င်း၏ ဝက်ဘ်ဆိုဒ်တွင် ဆုကြေးငွေကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရာ "ဂျာမနီထုတ် 'Leopard-2' သို့မဟုတ် အမေရိကန်ထုတ် 'Abrams' စစ်ပွဲဝင်တင့်ကားများကို ဖျက်ဆီးခြင်း သို့မဟုတ် ဖမ်းဆီးမိခြင်းများရှိသော ရုရှားစစ်သားများသည် ဆုကြေးငွေ ရူဘယ် ၅ သန်း ရရှိမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု Russia Today TV မှ ဇန်နဝါရီလ ၃၀ရက်နေ့ ထုတ်ပြန်သည့်သတင်းအရ သိရပါသည်။