တရုတ်နိုင်ငံအပေါ် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှု ကန့်သတ်ချက်များ ကျင့်သုံးခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2023-02-01 15:38:42  

 ယခုလ ၃၁ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်  နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံအပေါ် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှု ကန့်သတ်ချက်များ ကျင့်သုံးခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် အကြောင်းပြချက် ရှိနေကြောင်း ပြောကြားခဲ့ပါသည်။