
မကြာသေးမီက ဟူနန်ပြည်နယ် ချန်ဆားမြို့တွင် လသားအရွယ် ကလေးတစ်ဦး ဖျားနာကာသေဆုံးသွားခဲ့ပြီး မိသားစုသည် ၎င်း၏ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသည် ဖခင်ဖြစ်သူ မစ္စတာလျူအနေနှင့် လှူဒါန်းမှုသဘောတူစာချုပ်ကို ပထမဆုံးအကြိမ် လက်မှတ် ရေးထိုးခြင်းမဟုတ်ပါ။ မိဘများအနေဖြင့် ၎င်းတို့၏ ကလေးသုံးယောက် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်နှင့်ကြုံရပြီး ၀မ်းနည်းကြေကွဲစရာဖြစ်ခဲ့ကြရပါသည်။ သို့သော် မစ္စတာလျူနှင့်ဇနီးတို့သည် လူများစွာကိုကူညီပေးရန်နှင့် ဆေးသုတေသနကို ကူညီပေးရန်အတွက် ကလေးသုံးယောက်၏ မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်များကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။









